Photo Credit - Original Uploader
[Zawgyi]
မဟာစည္သာသနာ႕ရိပ္သာ ဝက္ဘ္ဆုိက္ကုိ ဘဂၤလားေဒ႕ရွ္ဟက္ကာမ်ား တုိက္ခုိက္၍ Black Hat Area ျမန္မာဟက္ကာအဖဲြ႔ ျပန္လည္ကာကြယ္ခဲ့
မဟာစည္သာသနာ့ရိပ္သာ၏ ဝက္ဘ္ဆုိက္ကုိ ဘဂၤလားေဒ့ရွ္မွ Bangladesh Cyber Army ဟက္ကာ အဖဲြ႕က တုိက္ခုိက္ခဲ့ေသာေၾကာင့္ Black Hat Area ျမန္မာဟက္ကာ အဖဲြ႕က အခ်ိန္မီ ကာကြယ္မႈ(Recovery) ျပဳ လုပ္ေပးခဲ့ေၾကာင္း သိရသည္။
ဘဂၤလားေဒ့ရွ္ ဟက္ကာအဖဲြ႕ သည္ ေမလ ၂၂ ရက္ေန႔ ညေနပုိင္း တြင္ မဟာစည္သာသနာ့ရိပ္သာ ဝက္ဘ္ဆုိက္ကုိ တုိက္ခုိက္ခဲ့ျခင္းျဖစ္ သည္။ BHA က မဟာစည္ဝက္ဘ္ ဆုိက္ကုိ ျပန္ကာကြယ္ေပးၿပီးေနာက္ ျမန္မာ Web Developer မ်ားအေန ျဖင့္ မိမိတာဝန္ယူထားေသာ ဝက္ဘ္ ဆုိက္လုံၿခံဳေရးကုိ မေပါ့ဆၾကရန္ လည္း ၎တုိ႔၏ေဖ့စ္ဘြတ္ခ္စာမ်က္ ႏွာေပၚတြင္ သတိေပးထားခဲ့သည္။
''bug error ကုိ မျပင္ေသးတဲ့ အတြက္ အဲဒီကေနပဲဝင္ၿပီး Recovery လုပ္ေပးခဲ့ျခင္းပဲျဖစ္ပါတယ္။ အရင္ကလည္း မဟာစည္သာသနာ့ ရိပ္သာဆုိက္ကုိ ေထာက္ျပခဲ့ဖူးပါ တယ္။ ျမန္မာဆုိက္အေတာ္မ်ားမ်ား ကုိ ကြၽန္ေတာ္တုိ႔အဖဲြ႕က Security ေထာက္ျပခဲ့ၿပီးျဖစ္ပါတယ္''ဟု BHA အဖဲြ႕ဝင္တစ္ဦးက သမဂၢဂ်ာနယ္သုိ႔ ေျပာၾကားခဲ့သည္။
ဘဂၤလားေဒ့ရွ္ ဟက္ကာအဖဲြ႕ သည္ ၿပီးခဲ့ေသာ ရက္ပုိင္းက ကပၸလီ ပင္လယ္အတြင္း ေလွျဖင့္ ထြက္ခြာ လာသည့္ ဘဂၤါလီဒုကၡသည္မ်ားကုိ ျမန္မာအစုိးရက မိမိတုိ႔ႏုိင္ငံသား မဟုတ္၍ မကယ္တင္ေၾကာင္း ေျပာ ၾကားၿပီးေနာက္ ယခုကဲ့သုိ႔တုိက္ခုိက္ မႈျဖစ္ေပၚလာျခင္းျဖစ္သည္။
ေမလ ၂၂ ရက္ေန႔တြင္ ျမန္မာ အစုိးရက ဘဂၤါလီ ၂ဝ၈ ဦးကုိ ကယ္ တင္ခဲ့သည္။ မေလးရွားႏွင့္ အင္ဒုိနီး ရွားတုိ႔ကလည္း ဘဂၤါလီမ်ားကုိ ယာ ယီလက္ခံထားမည္ဟု ယင္းမတုိင္မီ က ေၾကညာခဲ့သလုိ ႏုိင္ငံတကာက လည္း ျမန္မာႏွင့္ ထုိင္းတုိ႔ကုိ ဖိအား ေပးမႈမ်ားရွိခဲ့သည္။
Black Hat Area အဖဲြ႕က ယခု ရက္ပုိင္းအတြင္း ႀကံဳေတြ႕ေနရေသာ ေလွစီးဘဂၤါလီမ်ားႏွင့္ပတ္သက္၍ ¤င္းတုိ႔အဖဲြ႕၏ သေဘာထားႏွင့္ ရပ္ တည္ခ်က္ကုိ ထုတ္ျပန္ေၾကညာရာ တြင္ ေလွစီးဘဂၤါလီမ်ားသည္ ျမန္မာ ႏုိင္ငံမွမဟုတ္ေၾကာင္း၊ ၂ဝ၁၃ တြင္ လူဦးေရ ၁၅၆ သန္းရွိေသာ ဘဂၤလား ေဒ့ရွ္မွ ဘဂၤါလီမ်ားသည္ ျမန္မာျပည္ ထဲ ခုိးဝင္ခဲ့ေၾကာင္း၊ ကုလသမဂၢ၊ အင္ဒုိနီးရွား၊ မေလးရွားႏွင့္ ဘဂၤလား ေဒ့ရွ္တုိ႔က ေလွစီးဘဂၤါလီမ်ားကုိ လက္ခံရန္ ျမန္မာအစုိးရကုိ ဖိအား ေပးေနသည္ကုိ ေတြ႕ရေၾကာင္း၊ ျပည္ တြင္းမီဒီယာမ်ား တုံ႔ျပန္ေရးသားမႈ မရွိျခင္း စသည့္ အေၾကာင္းမ်ား ေၾကာင့္ Black Hat Area အဖဲြ႕သီးသန္႔ အေနျဖင့္မဟုတ္ဘဲ Union of UnderGround Myanmar Hackers (UGNH)အေနျဖင့္ တစ္သားတည္းပူး ေပါင္းၿပီး ျမန္မာႏုိင္ငံဘက္မွ အျပည့္အဝ ရပ္တည္သြားမည္ျဖစ္ေၾကာင္းပါရွိသည္။
လက္ရွိအခ်ိန္တြင္ ဆုိက္ဘာစစ္ ပဲြျဖစ္ေနသည့္အတြက္ ျမန္မာဝက္ဘ္ ဆုိက္မ်ား လုံၿခံဳေရးဂ႐ုစုိက္ဖုိ႔လိုအပ္ ေၾကာင္းႏွင့္ ျမန္မာဝက္ဘ္ဆုိက္တုိင္း ကုိ ကာကြယ္ေပးဖုိ႔ အခ်ိန္မရွိေၾကာင္း ယင္းအဖဲြ႕က ၎တုိ႔စာမ်က္ႏွာတြင္ ေျပာၾကားထားသည္။
''ကြၽန္ေတာ္တုိ႔ဟာ ဘဂၤလား ေဒ့ရွ္၊ မေလးရွား၊ အင္ဒုိနီးရွားႏုိင္ငံ ေတြနဲ႔ Cyber War (ဆုိက္ဘာစစ္ပဲြ) ျဖစ္ေနပါတယ္။ ကြၽန္ေတာ္တုိ႔ ျမန္မာ ဟက္ကာေတြအေနနဲ႔ ဘဂၤလားေဒ့ရွ္၊ မေလးရွား၊ အင္ဒုိနီးရွားဆုိက္ေတြမွာ ေလွစီးဘဂၤါလီေတြဟာ ျမန္မာႏုိင္ငံ က မဟုတ္တဲ့အေၾကာင္း မက္ေဆ့ခ်္ ေတြ ေပးေနပါတယ္။ ျပည္တြင္းမီဒီ ယာေတြအေနနဲ႔လည္း ကမၻာကသိ ေအာင္ အမွန္တရားကုိ ေရးေပးေစ ခ်င္ပါတယ္''ဟု ယင္းအဖဲြ႕က သမဂၢ ဂ်ာနယ္သုိ႔ ေျပာၾကားခဲ့သည္။
[Unicode]
မဟာစည်သာသနာ့ရိပ်သာ ဝက်ဘ်ဆိုက်ကို ဘင်္ဂလားဒေ့ရှ်ဟက်ကာများ တိုက်ခိုက်၍ Black Hat Area မြန်မာဟက်ကာအဖွဲ့ ပြန်လည်ကာကွယ်ခဲ့ မဟာစည်သာသနာ့ရိပ်သာ၏ ဝက်ဘ်ဆိုက်ကို ဘင်္ဂလားဒေ့ရှ်မှ Bangladesh Cyber Army ဟက်ကာ အဖွဲ့က တိုက်ခိုက်ခဲ့သောကြောင့် Black Hat Area မြန်မာဟက်ကာ အဖွဲ့က အချိန်မီ ကာကွယ်မှု(Recovery) ပြု လုပ်ပေးခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ် ဟက်ကာအဖွဲ့ သည် မေလ ၂၂ ရက်နေ့ ညနေပိုင်း တွင် မဟာစည်သာသနာ့ရိပ်သာ ဝက်ဘ်ဆိုက်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ BHA က မဟာစည်ဝက်ဘ် ဆိုက်ကို ပြန်ကာကွယ်ပေးပြီးနောက် မြန်မာ Web Developer များအနေ ဖြင့် မိမိတာဝန်ယူထားသော ဝက်ဘ် ဆိုက်လုံခြုံရေးကို မပေါ့ဆကြရန် လည်း ၎င်းတို့၏ဖေ့စ်ဘွတ်ခ်စာမျက် နှာပေါ်တွင် သတိပေးထားခဲ့သည်။ ''bug error ကို မပြင်သေးတဲ့ အတွက် အဲဒီကနေပဲဝင်ပြီး Recovery လုပ်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ အရင်ကလည်း မဟာစည်သာသနာ့ ရိပ်သာဆိုက်ကို ထောက်ပြခဲ့ဖူးပါ တယ်။ မြန်မာဆိုက်အတော်များများ ကို ကျွန်တော်တို့အဖွဲ့က Security ထောက်ပြခဲ့ပြီးဖြစ်ပါတယ်''ဟု BHA အဖွဲ့ဝင်တစ်ဦးက သမဂ္ဂဂျာနယ်သို့ ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ဟက်ကာအဖွဲ့ သည် ပြီးခဲ့သော ရက်ပိုင်းက ကပ္ပလီ ပင်လယ်အတွင်း လှေဖြင့် ထွက်ခွာ လာသည့် ဘင်္ဂါလီဒုက္ခသည်များကို မြန်မာအစိုးရက မိမိတို့နိုင်ငံသား မဟုတ်၍ မကယ်တင်ကြောင်း ပြော ကြားပြီးနောက် ယခုကဲ့သို့တိုက်ခိုက် မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။ မေလ ၂၂ ရက်နေ့တွင် မြန်မာ အစိုးရက ဘင်္ဂါလီ ၂ဝ၈ ဦးကို ကယ် တင်ခဲ့သည်။ မလေးရှားနှင့် အင်ဒိုနီး ရှားတို့ကလည်း ဘင်္ဂါလီများကို ယာ ယီလက်ခံထားမည်ဟု ယင်းမတိုင်မီ က ကြေညာခဲ့သလို နိုင်ငံတကာက လည်း မြန်မာနှင့် ထိုင်းတို့ကို ဖိအား ပေးမှုများရှိခဲ့သည်။ Black Hat Area အဖွဲ့က ယခု ရက်ပိုင်းအတွင်း ကြုံတွေ့နေရသော လှေစီးဘင်္ဂါလီများနှင့်ပတ်သက်၍ ¤င်းတို့အဖွဲ့၏ သဘောထားနှင့် ရပ် တည်ချက်ကို ထုတ်ပြန်ကြေညာရာ တွင် လှေစီးဘင်္ဂါလီများသည် မြန်မာ နိုင်ငံမှမဟုတ်ကြောင်း၊ ၂ဝ၁၃ တွင် လူဦးရေ ၁၅၆ သန်းရှိသော ဘင်္ဂလား ဒေ့ရှ်မှ ဘင်္ဂါလီများသည် မြန်မာပြည် ထဲ ခိုးဝင်ခဲ့ကြောင်း၊ ကုလသမဂ္ဂ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘင်္ဂလား ဒေ့ရှ်တို့က လှေစီးဘင်္ဂါလီများကို လက်ခံရန် မြန်မာအစိုးရကို ဖိအား ပေးနေသည်ကို တွေ့ရကြောင်း၊ ပြည် တွင်းမီဒီယာများ တုံ့ပြန်ရေးသားမှု မရှိခြင်း စသည့် အကြောင်းများ ကြောင့် Black Hat Area အဖွဲ့သီးသန့် အနေဖြင့်မဟုတ်ဘဲ Union of UnderGround Myanmar Hackers (UGNH)အနေဖြင့် တစ်သားတည်းပူး ပေါင်းပြီး မြန်မာနိုင်ငံဘက်မှ အပြည့်အဝ ရပ်တည်သွားမည်ဖြစ်ကြောင်းပါရှိသည်။ လက်ရှိအချိန်တွင် ဆိုက်ဘာစစ် ပွဲဖြစ်နေသည့်အတွက် မြန်မာဝက်ဘ် ဆိုက်များ လုံခြုံရေးဂရုစိုက်ဖို့လိုအပ် ကြောင်းနှင့် မြန်မာဝက်ဘ်ဆိုက်တိုင်း ကို ကာကွယ်ပေးဖို့ အချိန်မရှိကြောင်း ယင်းအဖွဲ့က ၎င်းတို့စာမျက်နှာတွင် ပြောကြားထားသည်။ ''ကျွန်တော်တို့ဟာ ဘင်္ဂလား ဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံ တွေနဲ့ Cyber War (ဆိုက်ဘာစစ်ပွဲ) ဖြစ်နေပါတယ်။ ကျွန်တော်တို့ မြန်မာ ဟက်ကာတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှားဆိုက်တွေမှာ လှေစီးဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံ က မဟုတ်တဲ့အကြောင်း မက်ဆေ့ချ် တွေ ပေးနေပါတယ်။ ပြည်တွင်းမီဒီ ယာတွေအနေနဲ့လည်း ကမ်ဘာကသိ အောင် အမှန်တရားကို ရေးပေးစေ ချင်ပါတယ်''ဟု ယင်းအဖွဲ့က သမဂ္ဂ ဂျာနယ်သို့ ပြောကြားခဲ့သည်။

1 comments:
ဂုဏ္ယူပါတယ္ :D
Post a Comment